Pages

Thursday, February 19, 2015



ဗိုလ်အားလုံးထက်ပိုတော်သော မြန်မာဗိုလ်ချုပ်










 ရှရှား ဗိုလ်ကကြွားသည် ...
နာတို့ဗိုလ်ချုပ်ကြီး ဘယ်သူ ဆိုရင် ဒုတိယကမ္ဘာစစ်က တိုက်ပွဲမှာ .လက်တစ်ဖက်ပြတ် သွားတာတောင် ကျန်တဲ့တစ်ဖက်နဲ့ သေနတ်ပစ်ပြီး တိုက်ပွဲကိုအနိုင်တိုက်နိုင်တယ် .ဟုဂုဏ်ယူဝင့်ကြွားစွာပြောသည် ..
ထိုအကြွားကိုကြားသော်..
အမေရိကန်နှင့်ဗမာ ဗိုလ်က မျက်နှာကို သားရေဂျာကင်အဟောင်း အစုတ် ၏ တံတောက်ဆစ် အကွေးကဲ့သို့ ရှုံမဲ့ လိုက်ကြသည် ..

အမေရိကန်ဗိုလ်က အားကျမခံ ပြန်ကြွားသည်....
ငါတို့ဗိုလ်ချုပ်ကြီး ဘယ်ဝါ ဆိုရင် ဗီယက်နမ် တိုက်ပွဲမှာ ဗုံးထိလို့.. လက်တစ်ဖက် ခြေနစ်ဖက်ပြတ် တာတောင် မြစ်ကို ရအောင်ဖြတ်ကူးပြီး ဟိုဖက်ကမ်းက ရန်သူကို ဖင်ထိုင်ရက် သေနတ်ပစ်ပြီး. အနိုင်တိုက်နိုင်တယ်ကွ..
ဟင်းမင်းကများပြီ... ရှရားဗိုလ်က..ဘီလူး မာလာဟင်းအစပ်ထဲဖာလာစေ့ထည်စားမိသော အခွက်ဖြင့်တားသည်..
ဗမာစစ်ဗိုလ်ကလေးက လက်ကာပြရင်း ကုတ်ချောင်းချောင်း ညှင်းသိုးသိုး ရူတည်တည် နှင့် ဖြစ်ညှစ်ပြော ရှာသည်.
သူပြောတာဖြစ်နိုင်တယ်...
ကျုပ်တို့ ဗမာ ဂျိုလ်ကုပ်ဒူးကြီး အဲလေ ဗိုလ်ချုပ်မှူးကြီးကတော့ ဘယ်တိုက်ပွဲမှာ .ဘာဖြစ်တယ်မသိဘူးဗျ...
ခေါင်းမပါတော့ဘူး..

ခေါင်းမပါပဲ .နိုင်ငံကိုအုပ်ချုပ်လာတာ နှစ်၂၀ ကျော်ပြီ..
ဟော သူ့အောက်က အမတ်တွေဝန်ကြီးတွေ ဆိုရင်လဲ .. ငယ်တုန်းကလမစေ့ပဲမွေးလာပြီး အာဟာရချို့တဲ့..လို့ထင်တယ် .. အသက်သာပြည့်တာ..ကျပ်မပြည့်ဘူး ပြောချင်ရာပြောလုပ်ချင်ရာလုပ်ပြီး ဟော.....အခုထိ သူတို့အစိုးရအလုပ်ဖြစ်နေတုန်းပဲ...တိုင်းပြည်အုပ်ချုပ်နေတုန်းပဲဗျ....ကဲဘာပြောချင်သေးလဲ..
တိန်....

No comments:

Post a Comment